ROI ရဲ့ အရှည်ကတော့ return on investment ပါ။ အရိုးရှင်းဆုံးပြောရရင် Profit နဲ့ cost ရဲ့ ratio ကိုတွက်ချက်တာပဲဖြစ်ပါတယ်။ ပွဲပြီးသွားတဲ့အခါမှာ ပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တွေအနေနဲ့ ကျေနပ်မှုရှိတယ်ဆိုရင် ကိုယ်စီစဉ်ကျင်းပလိုက်တဲ့ပွဲက အောင်မြင်တယ်လို့ဆိုနိုင်ပါတယ်။1. ROI ဘယ်လိုတွက်သလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ပွဲဟာ လက်မှတ်ရောင်းတာမျိုး၊ registration sales တွေပါတဲ့ပွဲဆိုရင် ဒီကနေရတဲ့ အမြတ်ကိုသိချင်ရင် ROI တွက်ကြည့်တာက အလွယ်ဆုံးပါပဲ။ တွက်နည်းကလည်းရိုးရှင်းပါတယ်။ပွဲပြီးတဲ့အခါမှာ ဝင်လာတဲ့အမြတ်ငွေစုစုပေါင်း (ဒီနေရာမှာ ကုန်ပစ္စည်းရောင်းချတဲ့ပွဲတွေ၊ ticket and registration sale လုပ်တဲ့ပွဲတွေကို အဓိကဆိုလိုပါတယ်) ထဲကနေ ပွဲကျင်းပတဲ့ ကုန်ကျစရိတ်စုစုပေါင်းကို နှုတ်ပါ။ ရလာတဲ့ရလဒ်ကို ပွဲကျင်းပခဲ့တဲ့ ကုန်ကျစရိတ်စုစုပေါင်းနဲ့ထပ်စားပါ။ 100 နဲ့မြှောက်ပြီး ရာခိုင်နှုန်းပြပါ။ [(Total Sales Revenue – Total […]